Posts

၂၀.၁.၂၀၂၀ ( နေ့လည် ၃ နာရီ ၂၈ မိနစ် ) ‌ပညာစစ်ပွဲ ဆင်နွှဲမည့်သူများ

Image
၂၀၁၉ ဒီဇင်ဘာက တရုတ်နိုင်ငံ CSE (China’s Standards of English Language Ability) အဖွဲ့ဟာ TOFEL iBT နဲ့ ချိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။ တရုတ်လို အင်္ဂလိပ်ကို အထင်မကြီးဘူးဆိုတဲ့ နိုင်ငံက သူ့နိုင်ငံသားတွေကို TOFEL ဖြေနိုင်ဖို့ စီစဉ်ပေးနေ တာကတော့ ကမ္ဘာကြီးပြောင်းလဲနေပြီဆိုတာကို ထင်သာမြင်သာရှိစေတဲ့ အချက်ပဲဖြစ်ပါတယ်။ ကွန်မြူနစ်နိုင်ငံတော်ကြီးဟာ ကမ္ဘာကိုယှဉ်နိုင်အောင် ဘာမဆိုလုပ်တော့မယ်ဆိုတာ ထင်ရှားလာတယ်။ တရုတ် လေးတွေကို Reading, Listening, Speaking, Writing လေးမျိုးကို ကျွမ်းကျင်စေဖို့ တရားဝင် လမ်းဖွင့်ပေးလာတဲ့ သဘောပဲ။ ခါတိုင်း မိဘတွေက သူတို့နည်း သူတို့ဟန်တွေနဲ့ သားသမီးတွေကို TOFEL ဖြေခိုင်းနေရာက ကိုယ့်တိုင်း ပြည်မှာပဲ တရားဝင်ဖြေဆိုခွင့် ပြုတော့မယ်ဆိုတာ ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံအနေနဲ့ ပညာရေးမှာ အင်္ဂလိပ်ဘာသာ စကားကို ဒုတိယဘာသာစကားအဖြစ် အသိအမှတ်ပြုလာတာလို့လည်း ယူဆရပါတယ်။ တရုတ်ဟာ မထင်မှတ်တဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်လာတာ သိရသလောက် သုံးလေးနှစ်လောက် ရှိပါပြီ။ တင်းကျပ်တဲ့ မြန်မာနိုင်ငံက တက္ကသိုလ်ဝင်စာမေးပွဲလို (ကောင်းခေါင်) ကို ပြောင်းလဲတယ်။ ကောင်းခေါင်မှာ အင်္ဂလိပ်စာကို